မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ (၁၉၉၀ ခုနှစ်)
အခန်း(၃)
ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ငွေစက္ကူများ (သို့မဟုတ်) ဒင်္ဂါးများဖြစ်သော ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်း။
(ခ) အစိုးရ၏ ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရ၏ဘဏ်အဖြစ် ဆောင်ရွက်ခြင်း။
(ဂ) စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒနှင့် စီမံကိန်းများ၊ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းတို့ အပါအ၀င်အစိုးရကလိုအပ်သည့် စီးပွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရ၏အကြံပေးအဖြစ် ဆောင်ရွက်ခြင်း၊
(ဃ) အစိုးရငွေချေး သက်သေခံလက်မှတ်များ ထုတ်ဝေခြင်းအတွက် အစိုးရ၏ အကြံပေးနှင့် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း။
(င) မိမိ၏ အဓိက ရည်မှန်းချက်နှင့်အညီ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန်အလို့ငှာ ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
(စ) ငွေရေးကြေးရေးစနစ်ကိုခိုင်မာစိတ်ချစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့်ဖွံ့ဖြိုးမှုပိုမိုကောင်းမွန်စေရန် အလို့ငှာ ငွေရေး ကြေးရေးအဖွဲ့အစည်းများကို ကြီိးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
(ဆ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ၏ဘဏ်အဖြစ် ဆောင်ရွက်ပေးခြင်း၊
(ဇ) နိုင်ငံတော်၏ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို အကောင်အထည်ဖော်ခြင်းနှင့် အစိုးရ၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားသုံးငွေ အပေးအယူ ပြုလုပ်မှုများကို ထိန်းချုပ်ခြင်း၊
(ဈ) နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေကို စီမံခန့်ခွဲခြင်းနှင့် ပြည်တွင်းနေထိုင်သူများ၏ အပြည်ပြည်ဆိုင်ရာ အပေးအယူပြုလုပ်မှုများကို ပုံမှန်ပေးချေခွင့်ပြုနိုင်မည်ဖြစ်သော တည်ငြိမ်၍ ကောင်းမွန်သည့် နိုင်ငံခြား ငွေပေးငွေယူစာရင်း အခြေအနေတစ်ရပ်ရရှိစေရန် လိုအပ်သော နည်းလမ်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊
(ည) ဘဏ်လုပ်ငန်း၊ ချေးငွေနှင့် ငွေကြေးနယ်ပယ်၌ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန် ၀တ္တရားအားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံဆောင်ရွက်ခြင်း၊ အစိုးရကိုယ်စား အဆိုပါ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
၉။ ဗဟိုဘဏ်သည် အောက်ပါလုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခွင့်ရှိသည်-
(က) မိမိအတွက် မိမိအမည်ဖြင့် ငွေချေး သက်သေခံ လက်မှတ်များ ထုတ်ဝေခြင်းနှင့် ယင်းငွေချေး သက်သေခံ လက်မှတ်များကို အများပြည်သူထံမှ ၀ယ်ယူခြင်း၊ အများပြည်သူထံသို့ ရောင်းချခြင်း၊ အများပြည်သူနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊
(ခ) ငွေလွှဲ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊
(ဂ) ငွေချေးသက်သေခံ လက်မှတ်များကို ထိန်းသိမ်းပေးခြင်းနှင့်ယင်းတို့အပေါ်ရရန်ရှိသည့် အတိုးငွေ များသို့မဟုတ် အမြတ်ဝေစုများကို ကောက်ခံပေးခြင်း၊
(ဃ) မိမိရရန်ရှိသော ကြွေးမြီအတွက် လက်ခံရရှိသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ ရောင်းချ၍ တန်းဖိုးကို ရယူခြင်း၊
(င) မိမိသင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များအရ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ မည်သည့်သုံးစွဲငွေ အမျိုးအစားဖြင့်မဆို ငွေချေးယူခွင့်များ ဖန်တီးပေးခြင်းနှင့် အာမခံများ ထုတ်ပေးခြင်း၊
(စ) ဤဥပဒေအရ တရားစွဲဆိုရန်ခွင့်ပြုမိန့်တောင်းခံလာသည့် ကိစ္စရပ်များကို အဆုံးအဖြတ်ပေးခြင်း။
၁၀။ ဗဟိုဘဏ်သည် မိမိ၏ လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်ဟု ယူဆသော လုပ်ငန်းဥပစာ များနှင့် လုပ်ငန်းသုံးပစ္စည်းတို့ကို ဥပဒေနှင့်အညီ ရယူခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထားရှိခြင်း သို့မဟုတ် ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်သည်။
၁၁။ ဗဟိုဘဏ်သည် ဤဥပဒေအရ မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါ်လာသော သို့မဟုတ် အကြောင်းသင့် ဆက်စပ်ဖြစ်ပေါ်လာသော လုပ်ငန်းများ ကိုလည်း တာဝန်ယူဆောင်ရွက်ရမည်။
၁၂။ ဗဟိုဘဏ်သည် မိမိရရန်ရှိသည့်ေ<ကးမြီများအတွက် မြီစားထံမှ ရရှိသော မည်သည့်အကျိုးတူ ခံစားခွင့်ကို မဆိုဖြစ်နိုင်သမျှ ဆောလျင်စွာ ထုခွဲရောင်းချရမည်။
၁၃။ ဗဟိုဘဏ်သည် အောက်ပါတို့ကို မပြုလုပ်ရ -
(က) ဤဥပဒေအရ ဗဟိုဘဏ်၏လုပ်ငန်းများနှင့် မကိုက်ညီသည့် အမြတ်ရရှိရေးကိုသာ ဦးတည် ဆောင်ရွက်သော ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းများ သို့မဟုတ် ဆောင်ရွက်မှုများကို ဖွဲ့စည်း လုပ်ကိုင်ခြင်း၊ ယင်းတို့တွင် အစုရှယ်ယာ ထည့်ဝင်ခြင်း၊
(ခ) ဤဥပဒေဖြင့် ခွင့်ပြုထားခြင်းများမှ တစ်ပါး ချေးငွေအမျိုးမျိုးထုတ်ပေးခြင်း၊
(၈) အစိုးရ၏ ခွင့်ပြုချက်မှတစ်ပါး အဖွဲ့ဝင်များအပါအ၀င် ဗဟိုဘဏ်၏ ၀န်ထမ်းများကို ချေးငွေထုတ် ပေးခြင်း။
No comments:
Post a Comment