Thursday, June 28, 2012

မေးထဲမှ ဟာသလေးများ (၂)


ခွေးကြောက်သူများအတွက်ဂါထားလေးပါ

ဥုံ........မနော်ဆက်ဆက် တက်ပေါ်တုံး
ဒေရှုတ်ရှုတ် ရေနမ်း...ရေနမ်း....။(တနေ့ တခေါက် သက်စေ့ ရွက်ပါလေ)

====================================================
ထည့်ရမယ်ထင်လို့

ကြင်ဦးစ ဇနီးမောင်နှံတွင် မယားဖြစ်သူမှာ သူဌေးသမီးဖြစ်ရု ဘာမျှမချက်တက်မပြုတ်တက်ပေ။
 ယောကျာ်းဖြစ်သူ၏ သူငယ်ချင်းမှာ အိမ်လာလည်သဖြင့် ထမင်းကျွေးရန်လုပ်လေသည်။
ယောကျာ်းဖြစ်သူက သူငယ်ချင်းအား မိမိ ဇနီး ဟင်းချက်ကောင်းကြောင်းကြွားလုံးထုတ်ထားမိသူဖြစ်လေသည်။
ယောကျာ်း။ ။ “မိန်းမရေ ဧည့်သည် ကျွေးဖို့ ထမင်းဝိုင်းပြင်ကွာ”
မိန်းမ ။ ။ “ဟင်းတွေက မရှိတော့ ဘူးလေ”
ယောကျာ်း။ ။“ ဒါဆိုလဲ ကြက်ဥဘဲ ကြော်လိုက်ကွာ” ဟုပြောရု သူငယ်ချင်းနှင့် ဆက်စကားပြောနေ
လေသည်။မိန်းမဖြစ်သူမှာ သူဌေးသမီးဖြစ်ရု ကြက်ဥကြော်ရင် ထွက်လာရင်း

မိန်းမ ။ ။“ကိုရေ ငပိဘယ်လောက်ထဲရမလဲ” ဟုမေးလိုက်ရာ ယောကျာ်းဖြစ်သူက သူငယ်ချင်းရှေ့တွင်
ရှက်လွန်းသဖြင့် လက်သီးထောင်ပြလိုက်ရာ အရိပ်အခြေနားမလည်သော မိန်းမဖြစ်သူက ကြက်ဥကြော်ထဲ
ငပိကို လက်တစ်ဆုပ်စာထည့်ကြော်လိုက်လေတော့သည်။ ။


=====================================================

မြန်မာ့သတ္တိ

လေယာဉ်တစီးပေါ်တွင် မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ် နှင့် ကုလားတို့ လိုက်ပါလာသည်။
တနေရာ အရောက်တွင် လေယာဉ်မှာ စက်ချွေ့ယွင်းသွားလေတော့သည်။ထိုစဉ် လေယာဉ်မောင်းခန်းမှ လေယာဉ်မှူးထွက်လာရု “ လေယာဉ်ကတော့ ပျက်သွားပြီဗျာ မကြာခင်မှာ ပျက်ကျတော့မယ် အခုလေယာဉ်ပေါ်မှာ လေထီးနှစ်စုံဘဲပါတယ်။ ကျုပ်တစုံယူသွားမယ်။ ကိုယ်ကိုကိုယ် သတ္တိရှိတယ် အများအတွက် ပေးဆပ်၇ဲတဲ့ သူဆိုရင်တော့ လေထီး မပါဘဲနဲ့ ခုန်ချလိုက်ပါ ”ဟု ပြောရု လေထီးယူပြီခုန်ဆင်းသွားလေသည်။ မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ် နှင့် ကုလားတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် နေကြသည်။ ထိုစဉ် အင်္ဂလိပ် က “ ငါကွ အမေရိကန်သား”ဟု အော်ရု ခုန်ချ သွားသည်။ တရုတ်ကလဲလိုက် “ငါကွ တရုတ်” ဟုအော်ရု ခုန်ချသွားပြန်သည်။ လေယာဉ်ပေါ်တွင် မြန်မာ နှင့် ကုလားတို့သာ
ကျန်ရု ကုလားကို ကြည့်ရု မြန်မာက သနားသွား သဖြင့် “ ငါကွ မြန်မာ”ဟု အားရှိပါးရှိအော်လိုက်သည်တွင် ကုလား အလွန်ဝမ်းမြောက်သွားလေသည်။ထိုချိန် မြန်မာက အမှတ်မထင် ကုလားအားကန်ချလိုက်လေသည်။
(ကျွန်တော်တို့ မြန်မာသတ္တိပြောင်မြောက်တယ်နော်)

=====================================================
အဲလောက်မတော်ဘူး

အမေရိကန်၊ တရုတ် နှင့် ဂျာမန် သမ္မတ တို့ပါလာသော လေယာဉ်သည် ဦးစွာ အမေရိကန်ကို ဖြတ်လာစဉ် အမေရိကန်လေတပ်မှ ဂျက်တစီးသည် သမ္မတလေယာဉ်ဆီသို့ဦးတည်မောင်းလာပီ အနားရောက်မှ စတန့်ပြရှောင်ထွက်သွားသည်။
အမေရိကန်သမ္မတက။  ။ ကျွန်တော်တို့ ဆီက လေယာဉ်သမားတွေက အရမ်းတော်တာလေး။အဲဒါ သူစွမ်းရည်ကိုပြသွားတာပါ။
ကျန်သမ္မတတို့ ကလက်ခုပ်တီး ချီးကျူးလေသည်။  ထိုနောက် ဂျာမန် ကို ရောက်လာစဉ် ရှေ့နည်းတူ ဂျက် တစီးက စတန့် ပြသွားပြန်သည်။သမ္မတတို့ ကလက်ခုပ်တီး ချီးကျူးလေသည်။ တရုတ်ပြည်သို့အရောက်တွင် ဂျက်တစီးက လေယာဉ်ဆီသို့ ဦးတည်မောင်းသည်ကို  အမေရိကန်သမ္မတတွေ့ရာ တရုတ်သမ္မတကို ကြည့်ရု “ခင်ဗျာတို့ ဆီက လေယာဉ်မှူးလဲ စတန့်ပြတော့မယ်ထင်တယ်”
တရုတ်သမတက အလျင်အမြန်ထရု လေထီးဝတ်လိုက်သည်။ ကျန်သမ္မတတို့က                              “ ဘာဖြစ်တာလဲဗျာ” တရုတ်သမ္မတက “ ကျုပ်တို့ ဆီက လေယာဉ်မှူးတွေ အဲလောက် မတော်ဘူးဗျ”

=====================================================

ဖြည်းဖြည်းဆိုလို့

မောင်အောင်တစ်ယောက်နေ့တိုင်းကျောင်းနောက်ကျသဖြင့် ဆရာက မေးလေသည်။
ဆရာ။   ။ မောင်အောင် မင်းဘာဖြစ်လို့အမြဲတမ်းကျောင်းနောက်ကျနေရတာလဲ
 မောင်အောင်။  ။ ကျွန်တော် ကျောင်းမနောက်ကျအောင် အိမ်ကအစောကြီးထွက်လာတာပါဆရာ
ဆရာ။    ။ဒါဆိုဘာဖြစ်လို့နောက်ကျနေရတာလဲ
မောင်အောင်။   ။ ကျောင်းနားက ဆိုင်းဘုတ်ကြောင့်ပါ
ဆရာ။   ။ ဘာဆိုင်ဘုတ်တုန်းကွ
မောင်အောင်။   ။ ရှေ့တွင်ကျောင်ရှိသည် ဖြည်းဖြည်း လို့ရေးထားလို့ပါဆရာ .........တိန်

No comments:

Post a Comment