အချစ်ဥပဒေ
ကိုယ့်မှာ “ချစ်တယ်”လို့
တရားဝင်ဖွင့်ပြောပြီးသား
ချစ်သူရှိပါလျက်
တခြားတစ်ယောက်နဲ့ အီစီကလီလုပ်တာမျိုး၊
ဘာလို
လိုညာလိုလိုရောတာမျိုး ရှောင်ကြဉ်ရပါမယ်။
အဲဒီကံအကျိုးပေးတဲ့ဘဝ သေချာပေါက်
အချစ်ကံခေနေမှာပါ။
ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက် စိတ်အနှောက်အယှက်ဖြစ်စေမယ့်
အချစ်ဥပဒေနဲ့ ငြိစွန်းတဲ့ အပြောအဆို၊ အပြုအမူမှန်သမျှ
လုံးဝကင်းရှင်းအောင်
နေထိုင်ကြရပါမယ်။
ကိုယ်နဲ့၊ နှုတ်နဲ့မက စိတ်နဲ့ပါရှောင်နိုင်လေ
အချစ်ကံကောင်းလေပါပဲ။
အရှင်ဆန္ဒာဓိက
No comments:
Post a Comment