Sunday, June 3, 2012

( အလွမ်းရောင် ....)

ကလောင်တစ်ချောင်း ရှိတယ်ဆိုပေမဲ့ .....
ရင်ဘတ်ဟောင်းလောင်းကြီးနဲ့ တော့
ညနေစာအတွက် ....
ငါ ....
ဗိုက်မဆာချင်သေးဘူး ...
နင့်ကိုလွမ်းရတာ
တစ်ခါ ....တစ်ခါ ...
မျက်တွင်းတွေ ချိုင့်လွန်းတယ် ...။

မလျှော်ပဲ လှမ်းထားတဲ့အဝတ် ....
ငါ့ကိုယ်ခန္ဓာထဲက ....
အပူဓါတ်နဲ့ တင် ဝါကျင်ကျင်လေးကိုဖြစ်လို့ 
ငါ ..ဆံပင်တွေရှည်လာတယ် ...
အမှားတွေ များလာတယ် ...
ဒဏ်ရာတွေ နက်လာတယ် ...
ပြီးတော့ ...ငါ ...
အသက်တွေကြီးလာတယ် .....။

အလွမ်းတောထဲက
ဘယ်ချိန်ပွင့်မယ် မသိတဲ့ ပန်း ....
တနေ့ နေ့ ဆိုတာက ....
ရေးလို့ ဖတ်လို့ တော့ကောင်းပါရဲ့....
ငါ့ရင်ဘတ်တွေ အောင့်အောင့်နေတာ ...
ဘယ်ဆရာဝန်မှလဲ ....
မကယ်နိုင်ကြဘူး ....။

ဂျပိုးမကိုက်ပေမဲ့ ...
အလွမ်းတွေ ကိုက်ကိုက်နေတဲ့
ညတွေပေါ့ ဟာ ....
တစ်ခါလွမ်းလို့ စာတလုံးရေး ...
နှစ်ခါ လွမ်းလို့ စာနှစ်လုံးရေး ...
ငါ့မှာလဲ အက္ခရာတွေနဲ့ တင် ...
ခေါက်ရိုးကျိုး လို့ ပေါ့ ...
စာရွက်ပေါ်မှာပဲ လွမ်းရတဲ့ ဘဝ ...
ငါ့ကိုယ်ငါတောင် ...
သနားတတ်လာတယ် ....
နင်များ သိနေမလား ...
ငါ့ကိုယ်ငါလဲ အကြိမ်ကြိမ် ..
မိုက်ရူးရဲ ဆန်ကြည့်ဖူးပါရဲ့ .....။

နင်ရယ် ....
အလွမ်းတွေ မော့မော့သောက်ပြီး ..
ယိုင်တိယိုင်တိုင် ခြေလှမ်းတွေနဲ့ 
အမြဲတမ်း မူးနေတဲ့ လူပေါ့ ...
အမြဲတမ်း ရူးနေတဲ့ လူပေါ့ ...
မရှောင်ရင်လွတ်တယ် ဆိုတဲ့ ...
တွတ်ပီရဲ့ ပစ်ချက်လိုပဲ ..
နင်က ...တည်ငြိမ်လွန်းနေတော့လဲ ...
ငါ ဒီနေ့ ထိ ...
ကံမကောင်းနိုင်သေးခဲ့ဘူး ...
ငါ ..နင့်ကိုလွမ်းတယ်ဟာ ......။ ။


Share from Facebook Page

No comments:

Post a Comment