ComputerမှDrive များကို Icon လှလှပြောင်းခြင်း
ကဲ သူငယ်ချင်းတို့ရေ ဒီတခါတော့ ကွန်ပျူတာရဲ့Drivesတွေကို Icon လှလှလေးတွေပြောင်းလိုက် ကြရအောင် ၊ လုပ်နည်းလေးကတော့
၁။ Window Key+R ဖြင့် run boxကိုခေါ်ပါ။
၂။ HKEY_LOCAL_MACHINE-->Software-- > Microsoft -- > Windows -- > CurrentVersion -- > Explorer ကိုသွားလိုက်ပါ။
၃။ Explorerကိုright-click နှိပ်ပြီးရင် New ကနေ Keyအသစ်တခုလုပ်ပါ၊ ပြီးနောက်ထို Key နာမည်ကိုDriveIcons လို့နာမည်ပေးလိုက်ပါ။
၎။ အဲ့ဒီ့ DriveIcons ကို right-click လုပ်ပြီး Keyတခုလုပ်ပြီး
ကိုယ်ပြောင်းလိုတဲ့ Driveရဲ့နာမည်ကိုပေးပါ(ဥပမာ= Drive D
ကိုပြောင်းလိုတယ်ဆိုရင် D လို့နာမည်ပေးလိုက်ပါ)။
၅။ အဲ့ဒီ့နာမည်ပေးထားသည့် Dကိုပဲ right-click ကနေKeyအသစ်တခုထပ်လုပ်ပြီး DefaultIcon ဟုနာမည်ပေးပါ။
၆။ DefaultIcon ကို select လုပ်ပြီး ညာဘက်ကသူ့ရဲ့ REG_SZ တန်ဖိုး(Default)
ကို double-click ပေးပြီးတော့ Value Data တန်ဖိုးမှာ ကိုယ်ပြောင်းချင်တဲ့
Icon fileရှိတဲ့ direction (တည်နေရာ)ကိုပေးလိုက်ပါ (ဥပမာ=C:\Windows\explorer.exe ဆိုရင် Explorerရဲ့ Iconပုံစံ ပေါ်လာပါလိမ့်မယ်)။
၇။ ပြီးသွားရင်တော့ My Computer ကို Refresh(F5) လုပ်ပေးလိုက်ရင် ရပါပြီခင်ဗျာ /
Tharngelay ဆိုဒ်မှ ကူးယူဖော်ပြထားပါသည်။
No comments:
Post a Comment