Wednesday, May 30, 2012

မေးထဲက ဟာသလေးပါ


အေးဆေးပါ
တက်စီကားတစ်စီးပေါ်ကို လူတစ်ယောက် တက်လာတယ်။
“ကားဆရာ လေယာဉ်ကွင်းကို မြန်မြန်လေး မောင်းပေးပါ။”
“လေယာဉ်ချိန်က ဘယ်အချိန်လဲ။”
“၁၀နာရီ၂၀ပါ။”
“ဒါဆို ဘယ်မှီတော့မလဲ။ အခုပဲ မိနစ် ၂၀ ကျော်နေပြီ။ လေယာဉ်က ခင်ဗျားကို ဘယ်စောင့်တော့မလဲ။ ”
“မောင်းမှာသာ မြန်မြန်မောင်းပါ။ ကျွန်တော်က အဲဒီလေယာဉ်မောင်းမယ့် လူပါ။ ”

======================================================================
ငါးနဲ့ကြက်သား

သားအဖ နှစ်ယောက် ထမင်းစားခန်းတွင် ထမင်းစားနေသည်။
သား။ ။ ဖေဖေက ရေကူးသိပ်တော်တာပဲ။ ဘယ်လိုတတ်တာလဲ။
အဖေ။ ။ အဖေက ငါးများများ စားလို့ပေါ့ သားရဲ့။ သားလည်း ငါးများများစား။
သား။ ။ ဒါဆို ဖေဖေ ကြက်သားစားတယ်လေ။ ကြက်ဥ မဥဘူးလားဟင်။

======================================================================
သွားပြီးလို့

အဖေ။ ။ အဖေနဲ့ အမေကို မင်းဘယ်သူ့ပိုချစ်လဲ။
သား။ ။ နှစ်ယောက်လုံး ချစ်တယ်။
သားရဲ့အဖြေကို အဖေက မကျေမနပ် ဖြစ်ကာ
အဖေ။ ။ ကဲ ဒါဆိုကွာ အဖေက ဒစ်စနီ လိုက်ပို့မယ်။ မင်းမေမေက ပြင်သစ်ကို ရှော့ပင်းထွက်မယ်တဲ့။ သားဘယ်သူနဲ့လိုက်မလဲ။
သား။ ။ အမေနဲ့လိုက်မယ် ။ ပြင်သစ်က ပိုလှလို့။
အဖေ။ ။ ဒါဆို အဖေ ပြင်သစ် သွားမယ်ကွာ။ မင်းမေမေက ဒစ်စနီ သွားမယ်တဲ့။
သား။ ။ အမေနဲ့ပဲ လိုက်မယ်။ ပြင်သစ်က ခုဏက သွားပြီးပြီ။

======================================================================
.ဆေးရုံသွားတဲ့လမ်း

မေး ။ ။ ဆေးရုံကို ဘယ်လို သွားရလဲ ခင်ဗျ ။
ဖြေ ။ ။ ခုမြင်နေရတဲ့ လမ်းအတိုင်းသွားပါ။ လမ်းမ အလယ်ရောက်ရင် ရပ်လိုက်။ နောက် ၁၀မိနစ်လောက် နေရင် ဆေးရုံရောက်ပြီ ခင်ဗျ ။

======================================================================
မေးလိုက်ပုံက...
တစ်ခါက မိသားစုလက်ဆုံထမင်းဝိုင်းလေးတွင် ဖခင်လုပ်သူက စကားတစ်ခွန်းပြောလိုက်သည်။
“အခုလို သားတွေသမီတွေနဲ့ ထမင်းတသက်လုံးမခွဲပဲ နေနိုင်ရင်ကောင်းမယ်နော်မိန်းမ”
မိန်းမလုပ်သူက..
“အင်း.. မျှော်မှန်းပါတယ်။ဒါပေမယ့် ကံစီမံရာပဲလေ..ဟုတ်ဘူးလား။”
ထိုအချိန်တွင် အကြီးမလုပ်သူက..
“သမီးက မခွဲဘူးအဖေအမေတို့ကို ပြုစုမှာ”
နာမည်ကောင်းဝင်ယူရင်း ထမင်းကို ဆက်စားနေလိုက်သည်။
ထို့နောက်ဖခင်ဖြစ်သူက ငြိမ်နေသောသားဖက်သို့ ကြည့်လိုက်ပြီး စကားတခွန်းကိုပြောလိုက်သည်။
“အင်း..မခွဲဘူးဆိုရင်လည်း ကိုယ်ယူတဲ့မိန်းမကို ကိုယ့်ဟာကိုရှာကျွေးနော်..ငါကျွေးရင်တော့  ငါ့မိန်းမဖြစ်သွားမှာပဲ..”
ပြုံးစိစိနှင့်မျက်စောင်းထိုးနေသော မိန်းမကိုဂရုမစိုက်ပဲ ထမင်းစားရန်ပြင်လိုက်စဉ် သားငယ်၏အမေးစကားကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။
သားငယ်မေးလိုက်ပုံက..
“ မကြီးလင်ယူရင် ရောဖေဖေ..ဖေကြီးမိန်းမလုပ်ခိုင်းမှာလားဟင်”
===============================================================
အမူးသမား
အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။
ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေ လေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။
ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
“ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ...။”

No comments:

Post a Comment