မြန်မာနိုင်ငံငွေရေးကြေးရေးစနစ်၏
ဖွဲ့စည်းပုံအခြေအနေ
နိဒါန်း
လွတ်လပ်ရေးမတိုင်မီ မြန်မာနိုင်ငံအား
ဂျပန်နှင့် အင်္ဂလိပ်တို့ အုပ်ချုပ်စဉ်ကာလက မြန်မာနိုင်ငံ
ဆိပ်ကမ်းမြို့ကြီးများနှင့်ရန်ကုန်မြို့တို့တွင် ဘဏ်များဖွင့်လှစ်ကာ
ငွေများချေးယူခြင်းလုပ်ငန်းကို နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် ချေးငွေများကို
ငွေထုတ်ချေးခဲ့ပါသည်။
ထို့ပြင်စာတိုက် ငွေစုလုပ်ငန်းနှင့်
ငွေလွှဲပို့လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြပြီး ရန်ကုန်မြို့တွင်
စတော့ဈေးကွက်ငယ်တစ်ခု ရှိခဲ့ကာ နိုင်ငံခြားသားပိုင်လုပ်ငန်းများဖြစ်ခဲ့ပါသည်။
နိုင်ငံခြားသုံးငွေ ဈေးကွက်တစ်ခု လည်း ရန်ကုန်မြို့တွင်ရှိခဲ့ပြီး အခြားအဓိကနိုင်ငံခြား
သုံးငွေများဖြင့်လည်းကောင်း စင်္ကာပူနှင့် ဟောင်ကောင် ဒေါ်လာများဖြင့် လည်းကောင်း
အရောင်းအ၀ယ်ပြုခဲ့ကြပါသည်။
၁၉၃၄ မတိုင်မီက မြန်မာနိုင်ငံတွင် Imperial
Bank of India က ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့် ဗဟိုဘဏ်လုပ်ငန်း
တစ်စိတ်တစ်ဒေသကို ဆောင်ရွက်ခဲ့ပြီး ငွေစက္ကူထုတ်ဝေခြင်း လုပ်ငန်းကိုမူ
အိန္ဒိယအစိုးရက တာဝန်ယူထုတ်ဝေခဲ့ပါသည်။
၁၉၃၄ ခုနှစ်တွင် Reserve Bank of India
က မြန်မာနိုင်ငံရန်ကုန်မြို့တွင် ဘဏ်ခွဲဖွင့်လှစ်ကာ ငွေကြေးထုတ်ဝေမှုကို တစ်ဦးတည်း
တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
စစ်အတွင်းကာလတွင် ဂျပန်အစိုးရက
မြန်မာပြည်အစိုးရဘဏ်ကို ၁၉၄၄ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး
ယိုကိုဟားမားစပီးရှီးဘဏ် ၊ ချက်တီနန်ဘဏ်နှင့် အာဇတ်ဟင်းဘဏ်တို့ကို
မြန်မာနိုင်ငံတွင် ဖွင့်လှစ်ကာ ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းများကို
ဆောင်ရွက်ခဲ့ပါသည်။
စစ်ပြီးခေတ် Reserve Bank of India ၏
ရုံးခွဲက မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ လုပ်ငန်းအချို့ကို ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။
၂။
၁၉၅၀ ခုနှစ်များ နှင့် ၁၉၆၀
ခုနှစ်များအစောပိုင်း ငွေရေးကြေးရေးစနစ်၏ ဖွဲ့စည်းပုံ
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်
၁၉၄၇ ခုနှစ်၊ ဧပြီလတွင်
မြန်မာနိုင်ငံငွေကြေးအုပ်ချုပ်မှုအဖွဲ့က စီမံခန့်ခွဲသည့် သီးခြားငွေကြေးစနစ်ကို
တည်ထောင်ခဲ့ပါသည်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်ဥပဒေကို ပြဌာန်းကာ
ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ်ကို ဗဟိုဘဏ်အဖြစ် တည်ထောင်ခဲ့ပြီး၊
အိန္ဒိယပြည်ရီဇတ်ဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းများကို လွှဲပြောင်းယူခဲ့ပါသည်။
၁၉၄၈ ခုနှစ်တွင်
ကူးသန်းရောင်းဝယ်ရေးဘဏ်များ (၂၀)အနက် (၁၈)ဘဏ်မှာ ပြည်ပတွင် ရုံးချုပ်ရှိသော
နိုင်ငံခြားသားပိုင်ဘဏ်များဖြစ်ကြပါသည်။
နိုင်ငံတော်စိုက်ပျိုးရေးဘဏ်
၁၉၅၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် နိုင်ငံတော်စိုက်ပျိုးရေးဘဏ်
အက်ဥပဒေကို ပြဌာန်း၍ နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို
စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ရာသီအလိုက် ချေးငွေများအပြင် ကာလတိုနှင့် ကာလရှည်
ချေးငွေများကိုပါ ထုတ်ချေးခဲ့ပါသည်။
ကူးသန်းရောင်းဝယ်ရေးဘဏ်များ
၁၉၅၄ ခုနှစ်၊ မတ်လတွင် နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်အက်ဥပဒေကို
ပြဌာန်း၍ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို ဖွင့်လှစ်၍
လုပ်ငန်းကိုလုပ်ကိုင်ခဲ့ရာ နိုင်ငံတော်၏ ငွေရေးကြေးရေးစနစ်တွင် အရေးပါသော
ဘဏ်ကြီးဖြစ်ခဲ့ပါသည်။
တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်များ
ယင်းအချိန်ကရှိခဲ့သော
တိုင်းရင်းသားပုဂ္ဂလိကပိုင်ဘဏ်များမှာ-
(၁)
အင်းဝဘဏ်လီမိတက်
(၂)
ပြည်ထောင်စုမြန်မာနိုင်ငံသမ၀ါယမဘဏ်လီမိတက်
(၃) အထက်မြန်မာနိုင်ငံဘဏ်လီမိတက်
(၄)
မြန်မာအမျိုးသားဘဏ်လီမိတက်
(၅)
မြန်မာနိုင်ငံအရှေ့ပိုင်းဘဏ်လီမိတက်
(၆) ရန်ကုန်ဘဏ်လီမိတက်
(၇) ပို့ကုန်သွင်းကုန်ဘဏ်လီမိတက်
(၈) မြန်မာ့စီးပွားရေးဘဏ်လီမိတက်
(၉)
ထားဝယ်ဘဏ်လီမိတက်
(၁၀)
မြန်မာနိုင်ငံကူးသန်းရောင်းဝယ်ရေးဘဏ်လီမိတက်တို့
ဖြစ်ကြပါသည်။
ချွေတာစုဆောင်းရေးနှင့်
အာမခံစာချုပ်များဌာနက ငွေစုဘဏ်လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။
အာမခံလုပ်ငန်းတွင်လည်း
နိုင်ငံပိုင်အာမခံကုမ္ပဏီများနှင့်အတူ နိုင်ငံခြားအာမခံကုမ္ပဏီများကလည်း
အာမခံလုပ်ငန်းများတွင်
ပါဝင်လုပ်ကိုင်ခဲ့ကြပါသည်။
ပြည်သူ့ငွေချေးကုမ္ပဏီလီမိတက်ကလည်း
အသေးစားချေးငွေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံခြားဘဏ်များ
ယင်းအချိန်က
မြန်မာနိုင်ငံငွေရေးကြေးရေးစနစ်တွင် ပါဝင်ဆောင်ရွက်နေသော နိုင်ငံခြားဘဏ်များမှာ
(၁) အိန္ဒိယဗဟိုဘဏ်လီမိတက် (Central Bank of India
Ltd.)
(၂)
ချာတာဘဏ် (Chertered Bank)
(၃)
ဟာဘစ်ဘဏ်(နိုင်ငံရပ်ခြား) လီမိတက် (Habib
Overseas Ltd.)
(၄)
ဟောင်ကောင်နှင့် ရှန်ဟဲဘဏ်လုပ်ငန်း
ကော်ပိုရေးရှင်း (Hongkong and Shanghai Banking Corporation)
(၅) အိန္ဒိယနိုင်ငံရပ်ခြားဘဏ်လီမိတက်
(Indian Overseas Bank Ltd.)
(၆)
မာကင်တိုင်ဘဏ်လီမိတက် (Mercantile Bank
Ltd.)
(၇) နယ်ရှင်နယ်နှင့် ဂရင်းလေးဘဏ်လီမိတက် (National
and Grindlays Bank Ltd.)
(ဂ) နယ်သာလန်ရောင်းဝယ်ရေးအသင်း (Netherlands
Trading Society)
(၉) နိုင်ငံရပ်ခြားတရုတ်ဘဏ်ကော်ပိုရေးရှင်းလီမိတက်
(Oversea- Chinese Banking Corporation Ltd.)
(၁၀) ပန်ဂျပ်အမျိုးသားဘဏ်လီမိတက်
(Punjab National Bank Ltd.)
(၁၁) ယူနိုက်တက်ကော်မာရှယ်ဘဏ်လီမိတက် (United
Commercial bank Ltd.)
(၁၂) တရုတ်ပြည်သူ့ဘဏ် (Bank of China)
(၁၃) ဆက်သွယ်ရေးဘဏ် (Bank of Communications)
(၁၄)
အိန္ဒိယနိုင်ငံပိုင်ဘဏ် (State Bank of India)
တို့ဖြစ်ပါသည်။
၃။ ၁၉၆၃ ခုနှစ်များမှ ၁၉၈၈
ခုနှစ်ကုန်ပိုင်းအထိ ဆိုရှယ်လစ်စီးပွားရေးစနစ်အတွင်း ငွေရေးကြေးရေး စနစ်၏
ဖွဲ့စည်းပုံတစ်ခုတည်းသော ဘဏ်စနစ်
ဆိုရှယ်လစ်စီးပွားရေးစနစ်
စတင်ကျင့်သုံးခဲ့သည့် ၁၉၆၂ ခုနောက်ပိုင်း၊ ဆိုရှယ်လစ်ဘဏ်လုပ်ငန်း ထူထောင်ရန်
၁၉၆၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဘဏ်များကို ပြည်သူပိုင်သိမ်း၍
ပြည်သူ့ဘဏ်များ
အဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ရာပြည်သူဘဏ်အမှတ်(၃၁)အထိရှိခဲ့ပါသည်။ထို့ကြောင့် ငွေရေးကြေးရေး
စနစ်အတွင်း-
(၁)
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်
(၂)
နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်
(၃)
စက်မှုလက်မှုတိုးတက်ဖွံ့ဖြိုးရေးဘဏ်
(၄)
ချွေတာစုဆောင်းရေးနှင့် အာမခံစာချုပ်များဆိုင်ရာဌာန
(၅)
မြို့နယ်အရပ်ရပ်ရှိငွေတိုက်များနှင့် ငွေတိုက်ခွဲများ
(၆)
ပြည်သူ့ဘဏ်များ (၃၁)ခု
(၇)
ပြည်ထောင်စုအာမခံစနစ်အဖွဲ့
(၈)
ပြည်သူ့ငွေချေးကုမ္ပဏီလီမိတက်
(၉)
နိုင်ငံတော် စိုက်ပျိုးရေးဘဏ်တို့ ပါဝင်ပါသည်။
ဆိုရှယ်လစ်စီးပွားရေးစနစ်၏
လိုအပ်ချက်နှင့်အညီ နိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများ အားလုံး၏
ငွေကြေးအရင်းအမြစ်များကို ပေါင်းစည်းရန်လိုအပ်သောကြောင့် ၁၉၆၇ ခုနှစ်၊ ပြည်ထောင်စု
မြန်မာနိုင်ငံ ပြည်သူ့ဘဏ်ဥပဒေကိုပြဌာန်း၍ အဆင့်(၅)ဆင့်ဖြင့် ပူးပေါင်းခဲ့သော
ငွေရေးကြေးရေး အဖွဲ့အစည်း များကို တစ်ခုတည်းသော ဘဏ်ဖြစ်သည့်
ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်အဖြစ် ဖွဲ့စည်းခဲ့သောကြောင့် ဗဟိုဘဏ်၏
လုပ်ငန်းများသာမက ဘဏ်လုပ်ငန်းအားလုံးနှင့် အာမခံလုပ်ငန်းကိုပါ အထူးဌာန(၁၁)ဌာန
ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပါသည်။
ပြန်လည်ဖွဲ့စည်းခဲ့သော
ဘဏ်စနစ်
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအား
စီးပွားရေးဆန်ဆန်ဆောင်ရွက်ရန် ချမှတ်ခဲ့သော လမ်းညွှန်ချက် များနှင့်အညီ ငွေရေးကြေးရေးအဖွဲ့အစည်းများကို
လုပ်ငန်းသဘာဝအလိုက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်လာသဖြင့် ၁၉၇၅ ခုနှစ်
ဘဏ်ဥပဒေသစ်အရ၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
- ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည်
ဗဟိုဘဏ်အဖြစ်လည်းကောင်း၊
- မြန်မာ့စီးပွားရေးဘဏ်သည်
ပြည်တွင်းကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းများကိုလည်းကောင်း၊
- မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်သည်
အပြည်ပြည်ဆိုင်ရာ ငွေပေးငွေယူကိစ္စရပ်များကိုလည်းကောင်း၊
- မြန်မာ့စိုက်ပျိုးရေးဘဏ်သည်
စိုက်ပျိုးရေးလုပ်ငန်းများအတွက် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်ချေးငွေများ ကိုလည်းကောင်း၊
မြန်မာ့အသေးစားချေးငွေလုပ်ငန်း
- သည် မြန်မာ့စီးပွားရေးဘဏ်၏
လက်အောက်ခံအဖွဲ့အစည်းအဖြစ်ထားရှိကာ အသေးစားငွေချေးလုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
အာမခံလုပ်ငန်းဌာနမှာ
- ဘဏ်လုပ်ငန်းစနစ်မှခွဲထုတ်၍ သီးခြားအဖွဲ့အစည်းအနေဖြင့် အာမခံလုပ်ငန်းများကို
ဆောင်ရွက်ခဲ့ပါသည်။
၎။ ၁၉၈၈ ခုနှစ်ကုန်ပိုင်း
ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးချိန်မှ ယနေ့အထိ ငွေရေးကြေးရေးစနစ်၏ ဖွဲ့စည်းပုံ
(က)
ဥပဒေများပြဌာန်းခြင်း
(၁)
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေ (၁၉၈၈ ခုနှစ်)
(၂)
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ (၁၉၈၉ ခုနှစ်)
(၃) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ
(၁၉၉၀ ခုနှစ်)
(၄)
မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (၁၉၉၀ ခုနှစ်)
(၅) မြန်မာ့စိုက်ပျိုးရေးနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဥပဒေ (၁၉၉၁ ခုနှစ်)
(၆) မြန်မာ့အာမခံ လုပ်ငန်းဥပဒေ
(၁၉၉၃ ခုနှစ်)
(၇)
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၁၉၉၆ ခုနှစ်)
(ခ)
ဘဏ်လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ
(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၂) မြန်မာ့စီးပွားရေးဘဏ်
(၃)
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
(၄) မြန်မာ့ရင်းနှီးမြှပ်နှံမှု
နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
(၅) နိုင်ငံ့ဝန်ထမ်းများဘဏ်
(၆) ပြည်တွင်းပုဂ္ဂလိက ဘဏ်များ
(၇) နိုင်ငံခြားဘဏ်များ၏
ကိုယ်စားလှယ်ရုံးခွဲများ
(၈) မြန်မာနိုင်ငံဘဏ်အသင်းကြီး
(ဂ) ဘဏ်လုပ်ငန်းမဟုတ်သော အဖွဲ့အစည်းများ
(၁) မြန်မာ့အာမခံလုပ်ငန်း
(၂) မြန်မာအပြည်ပြည်ဆိုင်ရာ
အာမခံကော်ပိုရေးရှင်း
(၃)
မြန်မာ့အသေးစားချေးငွေလုပ်ငန်း
(၄) ပုဂ္ဂလိက အပေါင်ဆိုင်များ
Source
: MBA Notes
No comments:
Post a Comment