Thursday, December 29, 2011

Computer Keyboard အကြောင်းသိကောင်းစရာများ


keyboard ကတော့ကွန်ပျူတာသုံးတဲ့လူတိုင်းအတွက်မရှိမဖြစ်ပါပဲ။ ဟုတ်တယ်မလား..စဉ်းစားကြည့်လေ။ ကိုယ်လိုချင်တာကို ကွန်ပျူတာထဲကိုရိုက်ထည့် ဖို့လို့ သုံးတယ်၊ ကွန်ပျူတာကို ကိုယ်ကြိုက်တာခိုင်းဖို့လို့သုံးတယ်... ဘယ်လိုပဲသုံးသုံး keyboard ကအရေးပါတာပဲလေ။ keyboard ဆိုတဲ့ဟာမရှိရင် ဘယ်လိုလုပ် စာရိုက်မလဲမဟုတ်ဘူးလား။ ဒီလောက်အရေးပါတဲ့ keyboard အကြောင်းကို ဂဂဏဏ ဘာတွေသိပါသလဲ။ ဒါဆိုရင် ပညာရှင်ကြီးတွေကလွဲလို့ လက်တွေ့သုံးနေတဲ့ လူတော်တော်များများက မသိဘူးပဲဖြေကြမှာပဲ..။ အခု အဲဒီလောက် မပါမဖြစ်တဲ့ keyboard ကဘယ်ကဘယ်လိုဖြစ်လာတာလဲ.. ဘယ်လိုအလုပ်လုပ်လဲ... ဆိုတာတွေကိုရှင်းပြပေးသွားမှာပါ။
Keyboard ဆိုတာဘာလဲ
ကွန်ပျူတာ keyboard ဆိုတာကတော့ ပြောရမယ်ဆိုရင်  hardware device ထဲမှာပါပါတယ်။ သူက user တွေကပေးတဲ့ ညွှန်ကြားချက်အတိုင်းပဲအလုပ်လုပ်တယ်..။ ပြောရရင်တော့ user ခိုင်းတဲ့အတိုင်းပဲလုပ်တယ်ပေါ့။ အဲဒီလိုလုပ်ပေးလို့ ရအောင်လည်း သူ့အထဲမှာ circuitsတွေ switches တွေ processor တွေပါတယ်လေ။ ဒီကောင်တွေကြောင့်  key လေးတွေရိုက်ပြီး ပေးလိုက်တဲ့ message တွေကို computer ကိုပို့ပေးနိုင်တာပါ။ ဒါကြောင့်လည်း keyboard ကို input device မှာပါတယ်လို့ပြောလို့ရတာပေါ့။
keyboard ကိုဘယ်နေရာမှာသုံးတာလဲ
ဒါတွေကတော့ပြောသာပြောရပါတယ်..။ အားလုံးပဲ သိပြီးသားနေမှာပါ။ သူ့ကိုအမျိုးမျိုးအတွက်သုံးတယ်လေ။  Word တို့ text editor တို့မှာ typing ရိုက်မလား ... menu တွေပဲဖတ်မလား ... game တွေဆော့မလား အားလုံးအတွက်သူလိုပါတယ်။
keyboard ဘယ်ကစ
ုkeyboard ရဲ့အစက လက်နှိပ်စက်ပဲ။ ၁၉၃၀ လောက်မှာစပြီး လျှပ်စစ်စွမ်းအားပါတဲ့ လက်နှိပ်စက်တွေကိုထုတ်လာခဲ့တာ။ ဒါပေမယ့်လည်း လူတွေကသုံးရတာသိပ်မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင် လက်နှိပ်စက်က လျှပ်စစ်မဲ့ keyboard တွေလို Qwety မရှိလို့ပါပဲ။
၁၉၆၃ ခုနှစ်ကစပြီး August Dvorak ကနေ ပုံစံအသစ်တမျိုးနဲ့ keyboard ကိုထွင်လိုက်တယ်။ သူကဘယ်လိုလုပ်လိုက်လဲဆိုတော့ ၁) လက်ချောင်းတွေသွားရိုက်ရတာပြုရတာ ကောင်းအောင်ဆိုပြီး အသုံးများတဲ့ letter တွေကို အဓိက home row မှာ သွားထားလိုက်တယ်။ (အနီရောင်နဲ့ပြထားပါတယ်။) ၂) ရိုက်ရတာပိုမြန်အောင်တဲ့.. တွဲသုံးတာနည်းတဲ့ key တွေကို ထောင့်ဖြတ်မျဉ်းပုဲံ့ထားလိုက်တယ်။ ဒီမှာကြည့်ပါဦး...
သူ့ကိုထွင်လိုက်တဲ့လူနာမည်ကို အမှီပြုပြီးတော့ Dvoak keyboard လို့ပြောကြတယ်။ အခုကြည့်ရသလောက်ဆိုရင်တော့ ဒီ keyboard လုပ်ထားတာကကောင်းသားပဲ...။ ဒါဆိုရင် လူတွေမသုံးကြပဲအခုနောက်ထပ် keyboard တွေပဲထပ်ထွက်လာတာ ဘာဖြစ်လို့လဲလို့စဉ်းစားစရာရှိမှာပဲ...။ ဟုတ်တယ်။ ဒါလည်း ၁၉၆၃ တုန်းကထွက်ခဲ့တဲ့ keyboard နဲ့တူတူပဲ။ ကြည့်ပါလား သူု့key တွေကို။ အရင် Qwerty တုန်းကလိုမျိုး key နေရာတွေမတူတော့ဘူးလေ။ ပြောရရင်တော့ Dvorak keyboardက Qwerty keyboardထက်ပိုပြီး senior ကျတာပါ။ ဒါပေမယ့် US ရေတပ်ကတောင် ဒီကောာင်ကိုသုံးရတာ မကြိုက်ကြဘူး။ အခုဒီထွက်လာတဲ့ Dvorak ပုံစံနဲ့ ရင်းနှီးအောင်လုပ်ရတာကလည်း ၁လလောက်ကြာဦးမှာဆိုတော့
၁၈၇၂ လည်းရောက်ရော C. Latham Sholes ကထွင်လိုက်တဲ့ စက်မှုနည်းပညာနဲ့ လက်နှိပ်စက်တမျိုးကို Remington ကနေထုတ်လိုက်ပြန်တယ်။  သုံးရလွယ်တော့ user တွေက မြန်မြန်ရိုက်တယ်..။ မြန်မြန်ရိုက်တော့ key တွေအကုန်ညပ်ကုန်ပြီး လက်နှိပ်စက်က ribbon တွေကိုထိကုန်ရော။ ဒါကြောင့်  ၁၉၇၀ နှစ်တွေရဲ့နှောင်းပိုင်းမှာ ပိုကောင်းတဲ့ Qwerty ပုံစံကိုပြောင်းလိုက်ရတယ်။ အဲဒီတော့မှပဲ typing နှုန်းတွေနှေးသွားပြီးတော့ key တွေလည်းမညပ်တော့ဘူ။
သြော်လူတွေလည်းခက်တယ်နော်....။ မကောင်းတော့လည်းကောင်းအောင်လုပ်ကြပြန်ရော.... ကောင်းလွန်းပြန်တော့လည်း မကောင်းအောင်ပြန်လုပ်ကြပြန်ရောနော်...။


No comments:

Post a Comment