ချစ်သင့်လို့ ချစ်တာလား
အလိုလိုချစ်မိတာလား
အလိုလိုချစ်မိလာတဲ့ စိတ်တခုကို အားနည်းချက်တွေနဲ့
ရှာကြံဖြေဖျောက်ကြည့်တယ်
ပတ်ဝန်းကျင်နဲ့မဆိုင်ပါဘူး
ကိုနဲ့ပဲ ဆိုင်တယ်
ဟာသဇာတ်လမ်းတွေ၊ ပြက်လုံးကောင်းကောင်းတွေတွေ့တိုင်း
သူ့ကိုပဲ သတိရမိတယ်၊ ကျနော်ပျော်သလို သူ့ကိုလဲ ပျော်စေချင်လို့ပဲ
လွမ်းစရာ ကောင်းလောက်အောင် အနုအလှတွေ အများကြီးမရှိပေမယ့်
သူ့တစ်ယောက်ကိုပဲ စွဲလမ်းမိခြင်းဟာ
အကျိုးအကြောင်း ထပ်တူဖြစ်နေတာလား
အလိုလိုချစ်မိလာတဲ့ သူ့ကို မမေ့နိုင်မှတော့
အလိုလိုချစ်မိလာတဲ့ သူ့ကိုပဲ
ချစ်သင့်လို့ချစ်လိုက်တော့မယ် ........။
No comments:
Post a Comment