![]() |
| မင်းရင်ထဲမှာ ငါ အမြဲထာဝရ ရှိနေချင်တယ် |
သတိရစရာတွေက တစ် ခုပြီးတစ်ခု
ကြယ်တွေလို တဖွဲဖွဲ ကြွေကျ
ရင်ခွင်နဲ့မှ ဆံ့ပါဦးမလား
ထားရက်ခဲ့သူရေ.............။
မင်းပျော်နေမယ်မှန်းသိလို့ ကျေနပ်ပါတယ်
ဒုက္ခဆိုတာတွေကို ဟားတိုက်ရယ်ပစ်ခဲ့ဖူးပေမယ့်
လမ်းကြောင်းမှား မျှားတစ်စင်း
ရင်ဘတ်ကို တိုးသွားသလိုမျိုး
စူး.......ခနဲ နာကျင်ရတဲ့
ရုတ်တရက် သတိရခြင်းတွေကိုတော့ ငါ ကြောက်လာမိပြီ
အဲလိုမျိုး နှုတ်မဆက်ပဲ ထွက်မသွားပါနဲ့ ချစ်သူလေးရယ်............။
ဝေးရပြီဆိုတဲ့ အသိကို ခံနိုင်ရည် မရှိသေးဘူး
မင်းရင်ထဲမှာ ငါရှိနေသေးရင်
ကြယ်တွေလဲ ကြွေနေသေးရင်
မင်းအနမ်းနဲ့လန်းရမယ့် ပန်းတွေကို စိုက်ပြီး
မင်းလက်ကလေးတွေကို တွဲပြီး လျှောက်ချင်ပါသေးတယ် ချစ်သူရယ်.................။

No comments:
Post a Comment